Municipal Network
သ

သန်လျင်မြို့

Government administration · Myanmar (Burma) · 0 followers

Claim this page

Overview

သန်လျင်မြို့သည် ဟံသာဝတီခရိုင်၊ သန်လျင်နယ်နှင့် သန်လျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်ခဲ့ရုံမက ၁၉၅၈ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ ဟံသာဝတီခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်လာခဲ့သည်။ ယခု ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က သန်လျင်နယ်တွင် ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်များပါဝင်ခဲ့သည်။ ၎င်းကို အင်္ဂလိပ်များက (ဆီရီယမ်) Syriam ဟု ခေါ်ဆိုခဲ့ကြသည်။ စာရေးသားရာတွင် သန်လျင်ဟု ရေးသားသော်လည်း ခေါ်ဆိုအသုံးပြုရာတွင် တညင် (သို့) သန်လျင်ဟုလည်း ခေါ်ဆိုသူများရှိသည်။ ပဲခူးမြစ်ပေါ်တွင် တည်ရှိပြီး၊ မြန်မာပြည်၏ အဓိက ဆိပ်ကမ်းလည်း ရှိသည်။ ဒေါက်တာသန်းထွန်း ရေးသော မြန်မာသမိုင်းနိဒါန်းတွင် သန်လျင် = သံလျင်း၊ ဆောင်ပန်း ဟု အဓိပ္ပာယ်ရသည်။ သန်လျင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိက ရေနံချက်စက်ရုံတစ်ခုဖြစ်သည့် ရေနံချက်စက်ရုံ အမှတ် (၁) လည်းရှိသည်။ သန်လျင်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှိပြီး ပန်းခြံထဲတွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးနေသည့် ရုပ်တု၊ ငါးကန်နှင့်၊ နာရီစဉ်ကြီးသည် မြင့်မားစွာ တည်ရှိသည်။ ၎င်း၏ အနောက်ဘက်တွင် သန်လျင်အထက်တန်းကျောင်း အထက (၁) နှင့် ရန်ကုန်-သီလဝါဆိပ်ကမ်းကို ချိတ်ဆက်ထားသည့် ရထားဘူတာတို့ရှိသည်။ သန်လျင်မြို့၏ အကျယ်အဝန်းမှာ ၄.၆ဝ၄ စတုရန်းမိုင်ဖြစ်သည်။ သန်လျင်မြို့တွင် အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ အထက်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများ စသည့် အစိုးရအဆောက်အအုံများရှိသည်။

Interested in working with us in the future?

Follow to see new jobs and posts in your feed.

No news yet.