Belediyeler Ağı
မ

မြဝတီမြို့

Kamu yönetimi · Myanmar (Burma) · 0 takipçi

Genel Bakış

မြဝတီမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင်ပါဝင်သော မြဝတီမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ မြန်မာ - ထိုင်း နယ်စပ်တွင် တည်ရှိသည်။ တောင်မှမြောက်သို့စီးသော သောင်ရင်းမြစ်၏ လက်ဝဲဖက်ကမ်းပေါ်တွင် တည်ရှိ၍ မြစ်၏ တဖက်ကမ်း၌ ထိုင်းနိုင်ငံအပိုင် မယ်တော်ရွာ၊ မဲဆောက်မြို့တို့ရှိသည်။ သံလွင်မြစ်တွင်းသို့ စီးဝင်ပေါင်းဆုံသော သောင်ရင်းမြစ်မှ သစ်ဖောင်သစ်တုံးများ မျှောနိုင်သည်။ သို့ရာတွင် နွေအခါ၌မူ တစ်ဖက်ကမ်းသို့ မြစ်ကိုဖြတ်ကူးနိုင်သည်။ တစ်ဖက်ကမ်းတွင် မယ်တော်ရွာလမ်းရှိသည်။ မြဝတီမှလမ်းနှင့် မယ်တော်ရွာမှလမ်းတို့သည် မြစ်သာမခြားပါက တစ်ဖြောင့်တည်းပင်ရှိပေမည်။ မယ်တော်ရွာမှ နာရီဝက်ခန့် မော်တော်ကားစီးသွားလျှင် မဲဆောက်မြို့သို့ရောက်သည်။ တစ်ဖန် မဲဆောက်မှဆက်လက်၍ ကားဖြင့်လည်းကောင်း၊ လေယာဉ်ပျံဖြင့်လည်းကောင်းသွားသော် ဘန်ကောက်မြို့သို့ ရောက်နိုင်သည်။ ကော့ကရိတ်မြို့နှင့်မူကား ကားလမ်းအားဖြင့် ၃၉ မိုင် သွားရသည်။

İleride bizimle çalışmak ister misiniz?

Kurumu takip edin; yeni ilanlar ve gönderiler akışınızda görünsün.

Henüz haber yok.